ပြည့်စုံကြွယ်ဝသည့် လူမှုအသိုက်အဝန်းတစ်ခုကို ကြံ့ခိုင်ထက်မြက်သည့် မိသားစုများဖြင့် တည်ဆောက်ထားပြီး၊ ကြံ့ခိုင်ထက်မြက်သည့် မိသားစုတစ်စု ဖြစ်ရန် အစဉ်သရွေ့ ကြံ့ခိုင်နေဖို့ လိုအပ်ပါသည်။ မြန်မာနိုင်ငံရှိ မြန်မာလူမျိုးများ ကြံ့ခိုင်ထက်မြက်လာစေရန် အတွက်၊ နိုင်ငံနှင့်ချီပြီး သက်ရောက်မှု ရှိနေသည့် သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ Iron Deficiency Anaemia (IDA) အား တိုက်ဖျက်ရမည် ဖြစ်သည်။ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော အဖြစ်အများဆုံး အာဟာရချို့တဲ့မှု များထဲမှ တစ်ခုအပါအဝင် ဖြစ်နေပါသည်။ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ ဆိုသည်မှာ ကျွန်ုပ်တို့ ခန္ဓာကိုယ်ထဲတွင် သံဓာတ်ချို့တဲ့နေခြင်း၊ (သို့မဟုတ်) လိုအပ်သည်ထက်၊ အဆမတန် လျော့နည်းခြင်းကြောင့် ခံစားရသော ကျန်းမာရေးပြဿနာတစ်ရပ် ဖြစ်သည်။ သံဓာတ်သည် ဦးနှောက် လုပ်ဆောင်ချက်နှင့် လူတစ်ဦးချင်း၏ နေ့စဉ် လုပ်ငန်းစွမ်းဆောင်ရည်အပေါ် အကျိုးသက်ရောက်မှုရှိသော အရေးကြီးသည့် သတ္ထုဓာတ်တစ်မျိုးဖြစ်သည်။
Nestlé Nutrition, Health and Wellness Manager ဒေါက်တာ ဆုနွယ်ဇော်၏ အဆိုအရ “သံဓာတ်ချို့တဲ့သွေးအားနည်းရော
ထို့ကြောင့် Nestlé BEAR BRAND မှ မြန်မာပြည်သူများအား သံဓာတ်ချို့တဲ့မှုနှင့်ပတ်သက်ပြီ
Nestlé Myanmar ၏ Managing Director ဖြစ်သူ Mr. Hayri Devrim Cobek မှ “မြန်မာလူမျိုးတွေရဲ့ နေ့စဉ်စားသုံးမှုထဲမှာ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ ပါဝင်မှုနည်းတာကို တွေ့ရပြီး၊ သံဓာတ်လုံလောက်တဲ့ အစာ အာဟာရကို စားသုံးခြင်းလည်း မတွေ့ရပါဘူး။ ဒါဟာဆိုရင် တခြားကိစ္စတွေလိုပဲ အထူးတလည် အာရုံစိုက် ဖြေရှင်းဖို့ သင့်တဲ့ ကိစ္စတစ်ခု ဖြစ်နေပါတယ်။ ဒီအတွက် မြန်မာမိသားစု တွေအနေနဲ့ ကြံ့ခိုင်ထက်မြက်တဲ့ မိသားစု တစ်ခု တည်ဆောက်နိုင်ဖို့၊ လိုအပ်ချက်တွေကို သိရှိနားလည်ပြီး၊ ကာလကြာရှည် အသိပညာပေးသွားမယ့် သံဓာတ် သတိပေးချက် အစီအစဉ်ကို အောက်တိုဘာလ ကတည်းက စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။” ဟုပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံရှိလူအများစုမှာ အာဟာရနှင့် ကျန်းမာရေး အကြောင်း ပိုမို လေ့လာရန် လိုအပ်လျက်ရှိကာ သံဓာတ် ချို့တဲ့ခြင်း ရှိမရှိ စစ်ဆေးခြင်းမှသည်၊ မကြာခဏ သံဓာတ် ပမာဏ တိုင်းတာခြင်း အထိ ပြုလုပ်ပြီး၊ အစားအစာ အမျိုးအစားနှင့် စားသောက်မှု ပုံစံအား ပြောင်းလဲခြင်း၊ စသည်တို့ကို စတင်လေ့ကျင့် လုပ်ဆောင် သွားရန် လိုအပ်နေပါ သေးသည်။ နှစ်ပေါင်း တစ်ရာကျော် သမိုင်းကြောင်း ရှည်ကြာခဲ့ပြီဖြစ်သော နိုင်ငံတကာကုန်ပစ္စည်း အမှတ်တံဆိပ် ဖြစ်သည့် Nestlé ၏ Nestlé BEAR BRAND မှ ဦးဆောင်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်၊ သံဓာတ် ချို့တဲ့မှု တိုက်ဖျက်ရေး အစီအစဉ်အား အသိပညာရှင် ဒေါက်တာခင်မာချို ၊ နိုင်ငံကျော် အနုပညာရှင်များဖြစ်ကြသည့် အကယ်ဒမီ အိန္ဒြာကျော်ဇင် နှင့် ချစ်သုဝေ တို့မှလည်း တစ်တပ်တစ်အား ပါဝင် ပံ့ပိုးလျက် ရှိပါသည်။
“မြန်မာလူမျိုးများ၏ ဘဝအရည်အသွေးကို မြှင့်တင်ပြီး ပိုမိုကျန်းမာကြံ့ခိုင်သော အနာဂါတ်များအတွက် Nestlé မှ နေ့စဉ် အချိန်မရွေး၊ နေရာမရွေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ထိုသို့ ဆောင်ရွက် ရာတွင် လူမှု ဘဝများအား ၎င်းတို့၏ ဘဝတစ်လျှောက်လုံး တိုးတက်ကောင်းမွန်စေရေးအတွက် Nestlé မှ အရည်အသွေးပြည့်အာဟာရနှင့် စားသောက်ကုန် ပစ္စည်း များဖြင့် ထောက်ပံ့ ပေးလျက်ရှိသည်။ မြန်မာလူမျိုးများအား ပိုမိုအသိပညာတိုးပြီး ကြံ့ခိုင် ထက်မြက်သော မိသားစုများဆောက်တည်နိုင်ရေး အတွက် မြန်မာပြည်အတွက် ပထမဆုံး ထုတ်လုပ်ထားပြီး ကမ္ဘာ့အဆင့်မီ နည်းပညာတွေနဲ့ ထုတ်လုပ်ထားတဲ့ မြန်မာလူမျိုးရဲ့ သံဓာတ်ချို့တဲ့မှု လိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ့် အာဟာရပြည့် Nestlé BEAR BRAND Enriched Malted Milk ကို ထုတ်လုပ်လိုက်ပါပြီ။” ဟု Mr. Cobek မှ ထပ်လောင်းပြောကြားခဲ့သည်။
Nestlé Myanmar မှ Senior Marketing Manager, Ms. Ivy Tan မှ Nestlé BEAR BRAND Enriched Malted Milk တွင် ခန္ဓာကိုယ်မှ နေ့စဉ်လိုအပ်သော သံဓာတ်ပမာဏ၏ သုံးပုံတစ်ပုံ ပါဝင်ကြောင်း ပြောကြားခဲ့ပါသည်။ “ကျွန်မတို့ရဲ့ အာဟာရပြည့်ဝတဲ့ မုယောနို့ရည်ဟာ သံဓာတ်နဲ့ ကယ်လ်ဆီယမ်ဓာတ် ပိုမိုပါဝင်သည့်အတွက် မြန်မာမိသားစုများကို ပိုမိုကြံ့ခိုင်ထက်မြက်လာစေနို
ထို့အပြင် Ms. Ivy မှ သံဓာတ်ချို့တဲ့မှုအကြောင်းကို မြန်မာပြည်သူလူအများကြား ပိုမို သိရှိစေရန်အတွက် Nestlé BEAR BRAND မှပရဟိတလှုပ်ရှားမှုဖြစ်သော #strongfamily အမည်ရ ပိုမို ကြံ့ခိုင်ထက်မြက်သော မိသားစုအဖြစ် တည်ဆောက် နိုင်စေရေးအတွက်https://web.facebook.com/nestl
Nestlé BEAR BRAND မှ roadshow အစီအစဉ်များနှင့်တကွ၊ မုယောနို့ရည် နမူနာ တိုက်ကျွေးခြင်း အစီအစဉ်များ အပါအဝင် သံဓာတ် ချို့တဲ့မှုရှိမရှိ စစ်ဆေးခြင်းများကိုလည်း အခမဲ့ လုပ်ဆောင်ပေးသွားမည့် အစီအစဉ်များဖြင့် တစ်နိုင်ငံလုံးရှိ ပြည်သူများထံ အရောက်လှမ်းလာမည်ဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့ မြန်မာမိသားစုတွေရဲ့ မိမိချစ်မြတ်နိုးတဲ့ သူတွေကို သံဓာတ်ချို့တဲ့မှုမှ ကာကွယ် ဖို့အတွက်၊ ကျွန်တော်တို့ရဲ့အာဟာရ အသိပညာ ဗဟုသုတများကို ဆက်လက်မျှဝေသွားမယ်လို့ ရေရှည် ကတိကဝတ်ပြုပါတယ်။” ဟု Mr. Cobek မှ အတည်ပြုပြောကြားခဲ့ပါသည်။
Nestlé BEAR BRAND Enriched Malted Milk အကြောင်း ပိုမို သိရှိလိုပါက တရားဝင် Facebook စာမျက်နှာ ဖြစ်သောhttps://web.facebook.com/nestl
NESTLÉ GLOBAL အကြောင်း
NESTLÉ သည် ကမ္ဘာတစ်ဝှမ်းတွင် အကြီးဆုံး စားသောက်ကုန်ပစ္စည်းများအား ဖြန့်ဖြူးရောင်းချနေသည့် ထိပ်တန်းကုမ္ပဏီကြီးတစ်ခုဖြစ်
Nestlé Myanmar အကြောင်း
Nestlé ၏ ထုတ်ကုန်ပစ္စည်းများသည် မြန်မာနိုင်ငံသို့ ၁၉၁၅ ခုနှစ်ကတည်းက စတင်ရောက်ရှိခဲ့ပြီး Nestlé Myanmar Limited အား၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ MDG (Myanmar Distribution Group) နှင့် လက်တွဲကာ Nestlé သည် ၎င်း၏ အရည်အသွေးမြင့် ထုတ်ကုန်များ ဖြစ်ကြသော NESCAFÉ, MILO, NESTLÉ BEAR BRAND, MAGGI, LACTOGEN နှင့် CERELAC အစရှိသည့် ကုန်အမှတ်တံဆိပ်များအား ရောင်းချလျက် ရှိပါသည်။












