ယနေ့အချိန်မှာ ဘယ်လောက်ပဲ ရေသန့်တွေအမျိုးမျိုး ပေါ်ထွက်နေပေမယ့်လည်း လူတချို့တလေကတော့ တွင်းရေကို သောက်သုံးနေကြဆဲပါပဲ။ ထိုတွင်းရေတွေမှာ ဘတ်တီးရီးယားတွေ၊ ခဲသတ္တုဓာတ်တွေ၊ မာကျူရီနဲ့ ညစ်ညမ်းအမှိုက်တွေ ပေါင်းစပ်ပါဝင်နိုင်တာကြောင့် သောက်သုံးမိတဲ့အခါမှာ ကျန်းမာရေးအတွက် စိုးရိမ်စရာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုမျိုး ကျန်းမာရေးကို ထိခိုက်စေမယ့် ပြဿနာတွေမဖြစ်လာဖို့အတွက် သန့်စင်တဲ့ရေကို သောက်သုံးဖို့က အလွန်အရေးကြီးပါတယ်။
သည့်အတွက် ဘာကြောင့် ရေသန့်ကို ပြောင်းသောက်ဖို့ လိုနေပြီလဲဆိုတဲ့ မေးခွန်းအတွက် ခိုင်မာတဲ့ အကြောင်းအရင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။
ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေခြင်း
ဓာတုပစ္စည်းတွေနဲ့ အခြားအဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဒြပ်တွေဟာ ရေထဲမှာ ပေါင်းစပ်ပါဝင်နေနိုင်ပြီး ကင်ဆာရောဂါများဖြစ်နိုင်ခြေကို တိုးမြင့်စေပါတယ်။ သန့်စင်တဲ့ရေကို သောက်သုံးပေးခြင်းက ထိုအန္တရာယ်ဖြစ်စေနိုင်သည့် အရာတစ်ခုတစ်လေမှ မပါဝင်သည့်အတွက် ကင်ဆာဖြစ်ပွားလာမှုမှ ဟန့်တားရာရောက်ပါတယ်။
ပိုမိုကောင်းမွန်တဲ့ အရသာ
အချို့ညစ်ညမ်းမှုတွေက ကျန်းမာရေးကို ထိခိုက်စေရုံသာမကပဲ သောက်သုံးရေရဲ့ အရသာကိုပါ သက်ရောက်လာနိုင်ပါတယ်။ ဒါကြောင့် သေချာစစ်ထုတ်ပြီးသားရေကို သောက်သုံးခြင်းက တကူးတကကျိုနေစရာမလိုဘဲ ပိုမိုကောင်းမွန်တဲ့ ရေအရသာကိုလည်း ပေးစွမ်းနိုင်ပါတယ်။
ကလိုရင်းပမာဏကို လျှော့ချပေးခြင်း
သောက်သုံးရေထဲမှာ ကလိုရင်းဓာတ်တွေပါဝင်ခြင်းက စိုးရိမ်ရလောက်တဲ့ ကျန်းမာရေးပြဿနာတွေကို သယ်ဆောင်လာနိုင်ပါတယ်။ ကင်ဆာဖြစ်ပွားနိုင်ခြေ၊ နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေ၊ ပန်းနာရင်ကြပ်၊ မွေးဖွားရခက်ခဲမှု စတဲ့ အခြေအနေအမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်တာကြောင့် ရေသန့်ကို အထူးဂရုစိုက်ပြီး သောက်သုံးပေးဖို့ လိုအပ်ပါတယ်။
အချိန်ကုန်သက်သာခြင်း
တွင်းရေတွေကို ကျိုပြီးသောက်ရင်လည်း ပိုးမွှားတွေကို သေစေနိုင်တာမှန်ပေမယ့်လည်း အလုပ်တစ်ခုအနေနဲ့ တိုးလာပါတယ်။ သန့်စင်ပြီးသား ရေသန့်ကို သောက်သုံးမယ်ဆိုရင်တော့ ပိုပြီးစိတ်ချရကာ ရေကျိုရတဲ့ အလုပ်တစ်ခုလည်း လျော့နည်းသွားမှာဖြစ်ပါတယ်။
ဘတ်တီးရီးယားပမာဏကို နည်းပါးစေခြင်း
သောက်သုံးရေထဲမှာ ဘတ်တီးရီးယားတွေနဲ့ အခြားပိုးမွှားတွေ ရောစပ်ပါဝင်လာတဲ့အခါ စိုးရိမ်ရတဲ့ ဖျားနာမှုတွေကို ဖြစ်လာစေနိုင်ပါတယ်။ မူးဝေအော့အန်ခြင်းအပြင် အသက်အန္တရာယ်ကို စိုးရိမ်ရလောက်တဲ့ အခြေအနေတွေဟာ ကလေးငယ်များ၊ လူကြီးများနှင့် ကိုယ်ခံအားနည်းနေတဲ့သူများမှာ အထူးဖြစ်ပွားနိုင်တာကြောင့် သောက်ရေနှင့် ပတ်သက်လျှင် အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။
ကြည်လင်ရှင်းသန့် Wave Plus သောက်ရေသန့်
Wave Plus ရေသန့်အမှတ်တံဆိပ်ဟာဆိုရင် Purification System တွင် Ozone Layer နှင့် RO (Reverse Osmosis) စနစ်များ အသုံးပြုထားသည့်အတွက် ဓာတ်သတ္တုနှင့် ပိုးမွှားများကင်းစင်သည့် သန့်ရှင်းစင်ကြယ်သော သောက်ရေသန့်ဖြစ်ပါတယ်။
အရည်အသွေးစစ်မှန်ကောင်းမွန်ရုံသာမက ချစ်စဖွယ် ဒီဇိုင်းအစုံအလင်ဖြင့်ထုတ်ပိုးထားကာ ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိနေတဲ့အတွက် ကိုယ်အပါအဝင် ချစ်ရခင်ရသူများရဲ့ ကျန်းမာရေးကို ရှေးရှုပြီးတော့ ရေသန့်သောက်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် Wave Plus သောက်ရေသန့် ကို ရွေးချယ်ပါလို့ အကြံပေးချင်ပါတယ်။
အမြို့မြို့အနယ်နယ်မှ မိတ်ဟောင်းမိတ်သစ်များအတွက် ပြန်လည်ဖြန့်ချီရောင်းချလို၍ဖြစ်စေ လက္ကားမှာယူလိုတယ်ဆိုရင်တော့ အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်မှာယူနိုင်ပါကြောင်း သတင်းကောင်းပါးပေးလိုက်ရပါတယ်။
Sales Hot Line: 09-782525888, 01-551833, 01-544867
Business Sales Hot Line: 09-784242777, 09-954242777











