“အာရောဂျံ ပရာမံလာဘံ” ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတဲ့ စကားလေးအတိုင်းပဲ ကျန်းမာရေးကောင်းမွန်ခြင်းလောက် ကောင်းမွန်မြင့်မြတ်တဲ့ ကံကောင်းခြင်း မရှိနိုင်တော့ပါဘူး။ ကျန်းမာရေးကောင်းမွန်မှသာလျှင် မိမိအကောင်အထည်ဖော်ချင်တဲ့ အကြံအစည်များ၊ ဆောင်ရွက်ချင်တဲ့ ကိစ္စအဝဝကို စိတ်အေးချမ်းသာစွာနဲ့ အောင်မြင်စွာ လုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။

ကျန်းမာကြံ့ခိုင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့ကလည်း ကြိုးစားအားထုတ်မှု စိုက်ထုတ်ရပါသေးတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာများ စားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ခြင်း၊ ရောဂါမဖြစ်ခင်ကတည်းက ဆေးရုံ၊ ဆေးခန်းသွားကာ ကာကွယ်ဆေးထိုးခြင်း စတဲ့ အရေးကြီးတဲ့အရာများကို နေ့စဉ်ဘဝထဲ ထည့်သွင်းထားမှသာလျှင် နေ့ရက်အစဉ်အတိုင်း ကျန်းမာချမ်းသာနေမှာပဲဖြစ်ပါတယ်။

စာဖတ်သူတို့အနေနဲ့ ရောဂါ ကြိုတင်ကာကွယ်ချင်တာပဲဖြစ်ဖြစ်၊ အသိနောက်ကျသွားလို့ အမြစ်ပြတ်အောင် ကုသချင်တာပဲဖြစ်ဖြစ် ပရာရမ်နိုင်းဆေးရုံကြီးက မိတ်ဆွေတို့အတွက် အဆင်သင့်ရှိနေပါတယ်။ ဝန်ဆောင်မှု ကောင်းမွန်ပြီး ဆရာဝန်တွေရော သူနာပြုတွေအပါအဝင် ဝန်ထမ်းများအားလုံးက စိတ်ရှည်ကြတယ်လို့ ဆေးရုံလာပြကြသူတိုင်းရဲ့ မှတ်ချက်ပေးခြင်းခံရတဲ့ ပရာရမ်နိုင်းဆေးရုံကြီးက အခုဆိုရင် ၂၇ နှစ်ပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ်။

၂၇ နှစ်ပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ ကျန်းမာရေးစစ်ဆေးနိုင်တဲ့ အထူးအစီအစဉ်များ ပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။

ကျန်းမာရေးအတွက် ဘယ်လိုစစ်ဆေးမှုတွေကို ပြုလုပ်နိုင်မှာလဲ။

အသဲရောင် အသားဝါ ဘီပိုး ကူးစက်ခံရမှုရှိ၊ မရှိ စစ်ဆေးခြင်း၊ သားအိမ်ခေါင်းကင်ဆာဆဲလ် စစ်ဆေးခြင်း၊ ရင်သားအာထရာစောင်းရိုက်ခြင်း၊ ပြေးစက်ပေါ်တွင် ပြေး၍ နှလုံးစမ်းသပ်စစ်ဆေးခြင်း၊ နှလုံးသွေးကြောမကြီး ၄ ချောင်းထဲတွင် အဆီထုံးကျောက်ကပ်ညှိမှုနှုန်းတိုင်းတာခြင်း၊ အခြေခံအဆုတ်ကင်ဆာ CT ရိုက်စစ်ဆေးခြင်း၊ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်မှု တိုင်းတာစစ်ဆေးခြင်း၊ မျက်စိစစ်ဆေးခြင်း၊ မျက်ကြည်လွှာဆဲလ်များ ရေတွက်စစ်ဆေးခြင်း စတဲ့ စစ်ဆေးမှုအစုံအလင်ကို ပြုလုပ်နိုင်ပါတယ်။

အလှအပနှစ်သက်မြတ်နိုးသူတွေအတွက်လည်း အလှအပနဲ့ ပတ်သက်တဲ့အစီအစဉ်တွေလည်း ရှိပါသေးတယ်။ ထိုအစီအစဉ်တွေကတော့ မျက်နှာနှိပ်ခြင်း၊ မျက်နှာကြည်လင်ဝင်းပစေရန် ပေါင်းတင်ခြင်း စတဲ့ အစီအစဉ်တွေပဲဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ ကလေးငယ်လေးတွေအတွက်လည်း သွားကျန်းမာရေး စစ်ဆေးခြင်းနဲ့ ဖလိုရိုက်တင်ပေးခြင်းတို့အပြင် လူကြီးများအတွက် သွားစစ်စေခြင်း၊ ထုံးကျောက်ခြစ်ပေးခြင်း၊ စက်ပစ္စည်းဖြင့် သွားအရောင်တင်ခြင်း စတဲ့ သွားကျန်းမာရေး စစ်ဆေးမှု အစီအစဉ်တွေကိုလည်း ဝယ်ယူရရှိနိုင်ပါသေးတယ်။

ထိုကျန်းမာရေးစစ်ဆေးမှုအစီအစဉ်များကို ဘယ်လိုရယူနိုင်မလဲ။

ပရာရမ်နိုင်းဆေးရုံကြီးရဲ့ Facebook စာမျက်နှာဖြစ်တဲ့ အောက်ဖော်ပြပါ လင့်ခ်လေးထဲသို့ ဝင်လိုက်ပါ

(https://www.facebookP.com/Praram9Hospital.Myanmar/)

ထို Facebook စာမျက်နှာရဲ့ Inbox ထဲမှာ မက်ဆေ့ခ်ျပေးပို့လိုက်ရုံနဲ့ ဝယ်ယူနိုင်ပါတယ်။ ဒါမှမဟုတ် ရန်ကုန်ဖုန်းနံပါတ် +959 731 46 988 သို့လည်း ဆက်သွယ်နိုင်သလို မန္တလေးကဆိုရင်တော့ +959 402 533 407 သို့ ဆက်သွယ်မေးမြန်းကာ ဝယ်ယူနိုင်ပါတယ်။

စတင်ရောင်းချပေးနေတဲ့ နေ့ရက်နဲ့ အချိန်နာရီကတော့ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိဖြစ်ပြီး နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိပဲဖြစ်ပါတယ်။ ဒီပရိုမိုးရှင်းလေးကို ဝယ်ပြီးသွားပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ချက်ချင်းအသုံးမပြုဖြစ်နိုင်သေးဘူးဆိုသူများအနေနဲ့ ပရိုမိုးရှင်းဝယ်ယူချိန်မှာ ရရှိလာမယ့်ကဒ်လေးကို မပျောက်မပျက်အောင် သိမ်းဆည်းထားမယ်ဆိုရင်တော့ ဝယ်ယူပြီး တစ်နှစ်အတွင်း မိမိအဆင်ပြေသည့်အချိန် သွားရောက်ကာ Medical Check Up လုပ်နိုင်မှာဖြစ်ပါတယ်။

Facebook ကနေ ဝယ်ယူမယ်ဆိုရင်တော့ အီလက်ထရောနစ်ကတ်ကို ရရှိမှာဖြစ်ပြီး ထိုကတ်ကို ကျန်းမာရေးစစ်ဆေးဖို့ လာရောက်ချိန်မှာ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။

နောက်ထပ်ကြော်ငြာစရာ သတင်းကောင်းလေးတစ်ခုကတော့ ပရာရမ်နိုင်းဆေးရုံရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သိလိုရာအကြောင်းအရာလေးတွေကို အခမဲ့ဝင်ရောက်ဆွေးနွေးနိုင်ခြင်းပဲဖြစ်ပါတယ်။ ဖေ့ဘွတ်စာမျက်နှာကတော့ (https://www.facebook.com/Praram9Hospital.Myanmar/) ဖြစ်ပါတယ်။ ဒါ့အပြင် (https://www.facebook.com/groups/822496048120705/?source_id=825986610806978) ဆိုတဲ့ Group လင့်ခ်လေးထဲ ဝင်ရောက်ကာ ဆွေးနွေးမေးမြန်းနိုင်ပါတယ်။ ထို Group က ကင်ဆာရောဂါဝေဒနာခံစားနေရသူတွေအတွက် အခမဲ့အကြံပေးကာ ကူညီပေးနေတဲ့ Group လေးပဲဖြစ်ပါတယ်။ ထို Group ထဲသို့ ဝင်ရောက်လိုက်တာနဲ့တစ်ပြိုင်နက် ကျွမ်းကျင်ပညာရှင်တွေနဲ့ အမေးအဖြေကဏ္ဍမှာ ပါဝင်မေးမြန်းဆွေးနွေးနိုင်မှာပဲဖြစ်ပါတယ်။

ကျန်းမာရေးအတွက် ဒီလိုဘက်စုံကူညီထောက်ပံ့ပြီး ဝန်ဆောင်မှုအပြည့်အဝပေးစွမ်းနေတဲ့ ပရာရမ်နိုင်းဆေးရုံကြီးက မိတ်ဆွေတို့အတွက် ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ရရှိနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။