အသက်အရွယ်ကြီးရင့်လာတဲ့အချိန်မှာ ကြွက်သားသန်မာမှု ဆုံးရှုံးသွားခြင်းက ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ။ ခန့်မှန်းခြေအားဖြင့် လူကြီးများက အသက် ၅၀ ကျော်လာတာနဲ့ ကြွက်သားပမာဏ ၁ ရာခိုင်နှုန်းကနေ ၂ ရာခိုင်နှုန်းအထိ နှစ်စဉ်နှစ်တိုင်း ဆုံးရှုံးသွားပြီး အသက် ၆၀ ကျော်လာတဲ့အခါမှာတော့ ကြွက်သားဆုံးရှုံးမှု ပိုလျင်မြန်လာပါတယ်။
အသက်ရလာတဲ့သူတွေမှာ ကြွက်သားဆုံးရှုံးခြင်းက ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ တစ်ပါတည်းဖြစ်ပွားတတ်ပါတယ်။သုတေသနပညာရှင်များက အသက်ကြီးလာတာနဲ့အမျှ ကြွက်သားဆုံးရှုံးမှုကို နှေးကွေးစေနိုင်မယ့်နည်းလမ်းများကို ကြိုးစားရှာဖွေနေကြပါတယ်။ လူကြီးများအနေနဲ့ ကြွက်သားကျန်းမာရေးကို ထိန်းသိမ်းထားနိုင်ခြင်းက သူတို့ရဲ့နေ့စဉ်ဆောင်ရွက်ရမယ့် လုပ်ငန်းဆောင်တာများကို ကောင်းစွာလုပ်ဆောင်နိုင်စေပြီး ကြွက်သားပိုမိုသန်မာလာအောင် ကူညီပေးနိုင်ပါတယ်။
ကြွက်သားကျန်းမာရေးကို ဘယ်လိုမြှင့်တင်မလဲ
ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်း
အားကစားပြုလုပ်ခြင်းက ကြွက်သားများ၊ အရိုးအဆစ်များ သန်စွမ်းကျန်းမာစေဖို့ အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ လူကြီးများအနေနဲ့ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ဖို့လိုပါတယ်။ ဒါပေမယ့် ထိုလေ့ကျင့်ခန်းများက မပြင်းထန်ဖို့တော့လိုပါတယ်။ ပြင်းထန်တဲ့လေ့ကျင့်ခန်းများက ထိခိုက်ဒဏ်ရာများနဲ့ ခါးနာခြင်းဖြစ်ပေါ်စေနိုင်လို့ပါပဲ။
လှုပ်ရှားတက်ကြွသော လူနေမှုဘဝ
လှုပ်လှုပ်ရှားရှားနေခြင်းက အရိုးအဆစ်နဲ့ ကြွက်သားများကိုသန်မာစေတဲ့ အဓိကသော့ချက်ပါပဲ။ ခန္ဓာကိုယ်က အားနည်းပြီး မလှုပ်ရှားဘူးဆိုရင်တော့ အသိစိတ်ကအလိုလိုနေရင်း လှုပ်ရှားဖို့ရပ်တန့်ပစ်လိုက်မှာပါ။ ဒါ့ကြောင့် လှုပ်လှုပ်ရှားရှားနေခြင်းက ခန္ဓာကိုယ်ရဲ့ သန်မာမှုကိုထိန်းသိမ်းထားနိုင်မယ့်အကောင်းဆုံးနည်းလမ်းပါပဲ။ လှုပ်ရှားတက်ကြွတဲ့ လူနေမှုဘဝက ပြန်လည်ကျန်းမာလာအောင်၊ စွမ်းအင်တွေပြန်လည်ပြည့်ဝလာအောင် စွမ်းဆောင်ပေးနိုင်ပြီး သင့်ခန္ဓာကိုယ်နဲ့ ကြွက်သားရဲ့ အပေးအယူမျှတဲ့ လုပ်ဆောင်မှုကို တွေ့မြင်ရမှာပါ။
မှန်ကန်စွာစားသုံးခြင်း
ကျန်းမာရေးနဲ့ ညီညွှတ်စွာစားသုံးခြင်းက သင့်ကျန်းမာရေးအတွက် အရေးကြီးတာကြောင့် အာဟာရမျှတစွာ စားသုံးပေးပါ။ သကြားဓာတ်၊ အငန်ဓာတ်၊ အဆီဓာတ်နဲ့ ကယ်လိုရီပါဝင်မှုများပြားတဲ့ အစားအစာများကို ရှောင်ကြဉ်ပါ။ လတ်ဆတ်သော ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ၊ အသားများ၊ အစေ့အဆံများကို အစားထိုးစားသုံးပါ။
Antioxidants
ဗီတာမင် စီ၊ ဗီတာမင် အီး၊ Carotenoids ဓာတ်များက အသက်ရလာတဲ့လာတဲ့အခါ ကြွက်သားများ ကျန်းမာနေအောင် ထောက်ပံ့ပေးပါတယ်။ Omega-3 ဓာတ်ပါဝင်တဲ့ ငါးကြီးဆီမှာဆိုရင်လည်း ရောင်ရမ်းခြင်းကို လျော့ချပေးတဲ့အတွက်ကြောင့် ကြွက်သားကျန်းမာရေးကို ထောက်ပံ့ပေးတဲ့ အာဟာရဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။
ဗီတာမင် ဒီ
ဗီတာမင်ဒီဓာတ်က ကြွက်သားများသန်မာမှုအတွက် အရေးကြီးရုံသာမကဘဲ အကယ်၍ ဗီတာမင် ဒီဓာတ် နည်းနေမယ်ဆိုရင် ခဏခဏ ချော်လဲကျနေမယ်၊ အရိုးသိပ်သည်းဆ နည်းနေပြီး ကိုယ်ခံစွမ်းအားကိုလည်း လျော့ကျစေပါတယ်။
ပရိုတိန်း၊ ဗီတာမင်နဲ့ သတ္တုဓာတ် ၂၈ မျိုး
ကျွန်ုပ်တို့က အသက်အရွယ်ကြီးရင့်လာလေလေ ခန္ဓာကိုယ်အတွက် လိုအပ်ချက်တွေ ပိုလိုအပ်လာလေပါပဲ။ ဒါ့ကြောင့် အာဟာရအချို့က ကျန်းမာရေးကောင်းမွန်နေဖို့အတွက် အရေးကြီးလာကြပါတယ်။ ကြွက်သားပမာဏကို ပရိုတိန်းများနဲ့ ဖွဲ့စည်းထားပြီး အသက်ကြီးရင့်သော လူကြီးများက ကလေးငယ်များထက် ပရိုတိန်းဓာတ် ပိုလိုအပ်ပါတယ်။
ဗီတာမင် B5 ကတော့ ရောင်ရမ်းမှုကို လျော့ချပေးပြီး ဗီတာမင် B3 ကတော့ ဆဲလ်တွင်း တစ်သျှူးများ ရောင်ရမ်းခြင်းကို လျော့ချပေးကာ သွေးလှည့်ပတ်မှုကောင်းမွန်အောင်လည်း ကူညီမြှင့်တင်ပေးပါတယ်။
ဗီတာမင် B12 က ဆဲလ်များ ဖြစ်ပေါ်ခြင်း၊ နာ့ဗ်ကြောများ ကျန်းမာနေဖို့၊ ကိုယ်ခံစွမ်းအား ကောင်းမွန်နေဖို့နဲ့ စိတ်လက်ကျန်းမာနေဖို့ ဆောင်ရွက်ပေးပါတယ်။
ဗီတာမင် B6 က ဗီတာမင် B12 နဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ နှလုံးရောဂါဖြစ်ပွားနိုင်ချေကို လျော့ချပေးပါတယ်။
လူကြီးတွေအတွက် နောက်ထပ်အရေးကြီးတဲ့ တစ်ချက်ကတော့ ကျန်းမာတဲ့ လူနေမှုဘဝကို ထိန်းသိမ်းနိုင်ဖို့အတွက် မှန်ကန်တဲ့အာဟာရဓာတ်များထဲမှာ သတ္တုဓာတ်ပါဝင်ဖို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ လူကြီးတွေက အစား နည်းနည်းပဲ စားပြီးတဲ့နောက်မှာ အလျင်အမြန်ဗိုက်ပြည့်သွားတတ်ကြပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့အာဟာရဓာတ်များက ဖြည့်စွက်စာများပေါ်မှာပဲ မူတည်နေရပါတော့တယ်။ ဥပမာပြောရမယ်ဆိုရင်တော့ Ensure Gold လို ဖြည့်စွက်စာမျိုးပေါ့။
HMB
Beta-Hydroxy-Beta-Methylbutyrate လို့ အမည်တွင်တဲ့ HMB ဟာဆိုရင် အမိုင်နိုင်အက်စစ်ဓာတ်တစ်မျိုးနဲ့ ဆင်တူပြီး ခန္ဓာကိုယ်ကောင်းမွန်အလုပ်လုပ်နိုင်ဖို့အတွက် ကူညီပေးပါတယ်။ လေ့လာချက်များအရ HMB က အသက်ကြီးလာတဲ့အခါ ခံစားရတဲ့ စိတ်ဖိစီးမှုဟော်မုန်းကြောင့် ကြွက်သားများဆုံးရှုံးခြင်းကို လျော့ချပေးပါတယ်။
HMB ပါဝင်တဲ့ Ensure Gold ကဆိုရင် နာမကျန်းဖြစ်တဲ့သူ၊ ထိခိုက်ဒဏ်ရာရထားသူ၊ ခွဲစိတ်မှုခံယူထားသောလူကြီးများ ပြန်လည်ကျန်းမာလာဖို့ ထုတ်လုပ်ထားရုံမကအသက်ရလာတဲ့သူတွေ နေ့စဉ်နေ့တိုင်းမှာ ကြွက်သားအသုံးပြုပြီး လှုပ်ရှားရတဲ့အခါ ကောင်းစွာ အသုံးပြုနိုင်ဖို့ ကူညီပေးပါတယ်။ Ensure Gold ကို HMB ၊ မြင့်မားတဲ့ ပရိုတိန်းဓာတ်၊ ကယ်လစီယမ်၊ ဗီတာမင် ဒီ၊ ဗီတာမင်နဲ့ သတ္တုဓာတ် ၂၈ မျိုးတို့ ပါဝင်အောင်၊ အာဟာရဓာတ်များ ညီညွှတ်မျှတအောင် ဖော်စပ်ထုတ်လုပ်ထားတဲ့အတွက်ကြောင့် ၈ ပတ်အကြာမှာ ခွန်အားများ တိုးမြှင့်ပေးဖို့ ကူညီပေးနိုင်ပါတယ်။ Ensure Gold ကို နေ့စဉ်မှန်မှန်သောက်သုံးပေးမယ်ဆိုရင် ကြွက်သားများ ကျန်းမာဖို့အတွက် လိုအပ်တဲ့ခွန်အားကို ပေးစွမ်းနိုင်ပြီး နေ့စဉ်လုပ်ငန်းဆောင်တာများကို ကောင်းမွန်စွာလုပ်ဆောင်နိုင်တဲ့အတွက်ကြောင့် သင့်အတွက် အဓိပ္ပာယ်ရှိပြီး ပြီးပြည့်စုံတဲ့ဘဝကို ဖန်တီးပေးနိုင်ပါတယ်။














