နာမကျန်းဖြစ်ပြီးနောက် စွမ်းအင်ခွန်အားများပြန်လည်ပြည့်ဝလာဖို့အတွက် အရေးကြီးဆုံးအရင်းအမြစ်ကတော့ ခန္ဓာကိုယ်ကြွက်သားများပဲဖြစ်ပါတယ်။ လေ့လာချက်အသစ်အရ ကျန်းမာသန်စွမ်းနေတဲ့လူတစ်ယောက်က ၂ ပတ်လောက် သွားလာလှုပ်ရှားမှုမရှိတာနဲ့ပဲ ကြွက်သားသန်မာမှု သိသိသာသာလျော့ကျသွားပါတယ်။ ထိုကဲ့သို့ တိုတောင်းလှတဲ့အချိန်အတောအတွင်း လှုပ်ရှားတက်ကြွမှုရှိတဲ့ သက်ကြီးရွယ်အိုတစ်ယောက်က နှစ်ပတ်ကျော်လောက် အထိုင်များတာနဲ့ပဲ ကြွက်သားသန်မာမှုရဲ့ ၂၅ ရာခိုင်နှုန်းခန့် ဆုံးရှုံးသွားပါတယ်။ ဒါပေမယ့် သင်က လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွရှိနေဦးမယ်ဆိုရင်လည်း ကြွက်သားပမာဏက ဆုံးရှုံးနေဦးမှာပါပဲ။ ဒါက ဘာ့ကြောင့်လဲဆိုတော့ အသက်အရွယ်ကြီးလာတဲ့အခါ ကြွက်သားများအိုမင်းရင့်ရော်လာလို့ပါပဲ။
သင့်အသက် ၄၅ ကျော်လာတာနဲ့ မကြာခဏဆိုသလိုပဲ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲလာမယ်၊ ဒါမှမဟုတ် လမ်းလျှောက်တဲ့အခါ အခက်အခဲဖြစ်လာမယ်ဆိုရင် သင့်ခန္ဓာကိုယ်သန်မာမှုက ဆုတ်ယုတ်လာပြီး ပြန်လည်သန်မာလာဖို့ အချိန်အတော်ယူရပါလိမ့်မယ်။ ဒါ့အပြင် ကြွက်သားများအိုမင်းရင့်ရော်ခြင်းကို တိတိကျကျစမ်းသပ်စစ်ဆေးနိုင်မယ့် နည်းလမ်းလည်း မရှိသေးပါဘူး။ မည်သည့်ကြွက်သားပမာဏဆုံးရှုံးပါစေ ဂရုစိုက်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြွက်သားဆုံးရှုံးခြင်းက သန်မာမှုနဲ့ လှုပ်ရှားသွားလာခြင်းကို ဆုတ်ယုတ်စေလို့ပါပဲ။
ဘယ်အရာက ကြွက်သားများအိုမင်းရင့်ရော်မှုကို ဖြစ်ပွားစေတာလဲ
အသက်အရွယ်ကြီးရင့်လာခြင်းက ကြွက်သားများအိုမင်းရင့်ရော်ခြင်းရဲ့ အဓိကတရားခံဖြစ်ပေမယ့် အခြားသောအကြောင်းအရာများကလည်း ကြွက်သားများသန်မာခြင်းနဲ့ ကြွက်သားများပျက်စီးခြင်းနှစ်ခုကြား မတည်မြဲအောင် ပြုလုပ်နေပါတယ်။
အထိုင်များပြီး လှုပ်ရှားသွားလာမှုမရှိသော လူနေမှုဘဝပုံစံ
ကြွက်သားများကို အသုံးမပြုခြင်းက ကြွက်သားအိုမင်းရင့်ရော်ခြင်းရဲ့ အကြီးမားဆုံးရန်သူပါပဲ၊ ကြွက်သားများအသုံးမပြုတော့ဘူးဆိုရင် ကြွက်သားဆုံးရှုံးမှုကို မြန်ဆန်စေပြီး တဖြည်းဖြည်းအားနည်းလာပါတော့တယ်။ ထိခိုက်ဒဏ်ရာနဲ့ နာမကျန်ဖြစ်ခြင်းကြောင့် အိပ်ရာထဲမှာလှဲနေရခြင်းကလည်း ကြွက်သားများဆုံးရှုံးစေပါတယ်။
စားသုံးသော အာဟာရမညီမျှခြင်း
ကယ်လိုရီနဲ့ ပရိုတိန်းဓာတ်များ လုံလောက်ညီမျှစွာမရရှိတဲ့ အစားအသောက်စားသုံးခြင်းစနစ်က ကိုယ်အလေးချိန်လျော့ကျစေပြီး ကြွက်သားများလျော့ပါးစေပါတယ်။ ထိုကဲ့သို့ ကြွက်သားများအိုမင်းရင့်ရော်ခြင်းကို ကာကွယ်ဖို့အတွက် အစားအသောက်စားတိုင်း ပရိုတိန်းဓာတ် ၂၅ ဂရမ်ကနေ ၃၀ ဂရမ်အထိ မှီဝဲစားသုံးသင့်တယ်လို့သိပ္ပံပညာရှင်များက အကြုံပြုပြောကြားထားပါတယ်။
ရောင်ရမ်းခြင်း
ထိခိုက်ဒဏ်ရာနဲ့ နာမကျန်းဖြစ်ပြီးနောက်မှာ ပျက်စီးထိခိုက်သွားတဲ့ ဆဲလ်အုပ်စုများကို ဖြိုခွဲပြီး ပြန်လည်အသစ်တည်ဆောက်ဖို့ရန်အတွက် ခန္ဓာကိုယ်ကို အချက်ပြလိုက်ပါတယ်။ နာတာရှည်ရောဂါများခံစားရခြင်းရဲ့ အကြောင်းအရင်းက ဆဲလ်အုပ်စုများ ပျက်စီးခြင်းကို ပြန်လည်ကောင်းမွန်ဖို့အတွက် ကြိုးပမ်းနေတဲ့အချိန်မှာ ခန္ဓာကိုယ်ရောင်ရမ်းခြင်းက ဝင်ရောက်နှောင့်ယှက်နေလို့ပါပဲ။ ဆိုးကျိုးအနေနဲ့ ကြွက်သားများ ဆုံးရှုံးသွားပါတယ်။
ကြွက်သားများ အိုမင်းရင့်ရော်ခြင်းကို ဘယ်လိုတိုက်ဖျက်မလဲ
ကယ်လိုရီ၊ ပရိုတိန်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်များ ချို့ယွင်းခြင်းက ကြွက်သားများဆုံးရှုံးမှုကို ဖြစ်ပေါ်စေဖို့ လက်ယပ်ခေါ်နေသလိုပါပဲ။ ကယ်လိုရီများများနဲ့ ပရိုတိန်းဓာတ်မြင့်မားစွာ စားသုံးခြင်းက ကြွက်သားများဆုံးရှုံးနှုန်းကို လျော့ချနိုင်ပါတယ်။ Omega-3 နဲ့ ကြွက်သားအားဖြည့်ပေးတဲ့ ဖြည့်စွက်စာများက ကြွက်သားများအိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပေးခြင်းကတော့ ကြွက်သားအိုမင်းရင့်ရော်ခြင်းကို ပြောင်းပြန်လှန်ပစ်နိုင်တဲ့ အထိရောက်ဆုံးနည်းလမ်းပါပဲ။ လမ်းလျှောက်ခြင်းကဲ့သို့ ရိုးရှင်းလွယ်ကူတဲ့လေ့ကျင့်ခန်းတွေတောာင် ကြွက်သားဆုံးရှုံးမှုနှုန်းကို နှေးကွေးစေပါတယ်။ ဒါ့ကြောင့် တစ်နေ့လုံးမှာ အရေးကြီးဆုံးကတော့ လှုပ်လှုပ်ရှားရှားနေခြင်းပဲဖြစ်ပါတယ်။
ကြွက်သားများအိုမင်းရင့်ရော်ခြင်းကို တားဆီးပေးမယ့် အထိရောက်ဆုံးဖြည့်စွက်စာ
ပရိုတိန်းဓာတ်နဲ့ အာဟာရမျှတစွာစားသုံးခြင်း၊ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ခြင်း၊ အိပ်ချိန်လုံလုံလောက်လောက်ရရှိခြင်း စတဲ့အချက်လေးချက်ကို ပေါင်းစည်းလိုက်မယ်ဆိုရင် ကြွက်သားအိုမင်းရင့်ရော်ခြင်းကို တိုက်ထုတ်နိုင်ပါတယ်။ ကံမကောင်စွာနဲ့ပဲ အချို့ သက်ကြီးရွယ်အို အဘိုးအဘွားတွေကတော့ အဲ့ဒီအချက်တွေနဲ့တင် မလုံလောက်ပါဘူး။ β-Hydroxy-β-Methylbutyrate လို့ခေါ်တဲ့ HMB ဓာတ်က သူတို့ကြွက်သားသန်မာဖို့အတွက် အမှန်ကန်ဆုံးအဖြေပါပဲ။ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်က HMB ဓာတ်ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ကြက်သား၊ ဥအမျိုးမျိုး၊ ငါး စတဲ့ နေ့စဉ်စားသုံးတဲ့အစားအစာများမှလည်း ထို HMB ဓာတ်ကို ရယူနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ ခန္ဓာကိုယ်က စားသုံးလိုက်တဲ့အစားအစာများမှ HMB ဓာတ်ကို ပြန်လည်ပြောင်းလဲရယူနိုင်စွမ်းက အသက်အရွယ် တဖြည်းဖြည်းကြီးရင့်လာတာနဲ့အမျှ လျော့ကျသွားပါတယ်။ ဒါ့ကြောင့် HMB ဓာတ်ကို တိုးမြှင့်ဖို့အတွက် ဖြည့်စွက်စာလည်း မှီဝဲသင့်ပါတယ်။
HMB ပါဝင်တဲ့ Ensure Gold က သက်ကြီးရွယ်အိုများ အသက်တဖြည်းဖြည်းကြီးလာတဲ့အခါ သူတို့နှစ်သက်တဲ့အရာများကိုစွမ်းအင်အပြည့်နဲ့ လုပ်ဆောင်နိုင်ဖို့အတွက် အကောင်းဆုံး လက်ဆောင်မွန်ပါပဲ။ Ensure Gold က မလွန်ဆန်နိုင်တဲ့ဇရာကြောင့် ကြွက်သားများဆုံးရှုံးတတ်တဲ့ သက်လတ်ပိုင်းနဲ့ သက်ကြီးရွယ်အိုများအတွက် ရည်ရွယ်ပြီးထုတ်လုပ်ပေးထားတာပါ။ ဒါ့အပြင် HMB နဲ့ ပရိုတိန်းဓာတ်ကြွယ်ဝအောင် သိပ္ပံနည်းကျဖော်စပ်ထားပြီး ကြွက်သားကျန်းမာသန်စွမ်းနေအောင်လို့ ပရိုတိန်းဓာတ်ကို ၂၀ ရာခိုင်နှုန်းပိုမိုမြှင့်တင် ထုတ်လုပ်ထားပါတယ်။ လူသားတွေအတွက် အကျိုးပြုတဲ့ ကောင်းသောဘက်တီးရီးယားများ ကြီးထွားနိုင်မယ့် Prebiotics နဲ့ အစာချေစနစ်ကောင်းမွန်ဖို့အတွက် ဖော်စပ်ထုတ်လုပ်ထားပါတယ်။ ဒါ့ကြောင့် ကြွက်သားများကျန်းမာ သန်စွမ်းမှုကို ထိန်းသိမ်းထားနိုင်ပြီး ကျန်းမာပျော်ရွှင်ကာ အမှီအခိုကင်းတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် Ensure Gold က အဓိကသော့ချက်တစ်ခုပါပဲ။












