အသက်ကြီးလာတာနဲ့အမျှ ဟော်မုန်းအပြောင်းအလဲကြောင့် အလွယ်တကူပင်ပန်းနွမ်းနယ်လာမယ်၊ ထိခိုက်ဒဏ်ရာလည်း အလွယ်တကူ ရလာနိုင်ပါတယ်။ အဲ့ဒီအခါ အားကစားပြင်းပြင်းထန်ထန်ပြုလုပ်ခြင်းကို ရပ်လိုက်သင့်ပြီလို့ သင်တွေးမိပါလိမ့်မယ်။
အမှန်တကယ်ကတော့ သင့်ကြွက်သားလေးတွေရဲ့ သဘောတရားကတော့ အကျိုးရှိရှိ အသုံးပြုမလား၊ ဒါမှမဟုတ် အဆုံးရှုံးခံမလား ဆိုတာပါပဲ။ ဒါ့ကြောင့် ကြွက်သားများ ကျန်းမာသန်းစွမ်းဖို့အတွက် လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပေးသင့်ပါတယ်။ အထူးသဖြင့် သက်လတ်ပိုင်းလူကြီးတွေပေါ့။
ကြွက်သားလေ့ကျင့်ခန်းတွေ မှန်မှန်ပြုလုပ်ပေးမယ်ဆိုရင် ကယ်လိုရီလောင်ကျွမ်းခြင်း၊ မှတ်ဥာဏ်စွမ်းအားကောင်းမွန်ခြင်း၊ အရိုးပွရောဂါခံစားရခြင်းမှ ကာကွယ်ပေးခြင်းနဲ့ အရိုးသိပ်သည်းဆကို တိုးမြှင့်ပေးခြင်း စတဲ့ အကျိုးကျေးဇူးများကို ရရှိနိုင်ပါတယ်။ ဒီတစ်ခါမှာတော့ အသက် ၅၀ ကျော်လာတဲ့အခါ ကြွက်သားကျန်းမာရေးကို ဘာ့ကြောင့် ဂရုစိုက်ထိန်းသိမ်းသင့်သလဲဆိုတဲ့ အကြောင်းအရင်းတချို့ ကို ဝေမျှပေးချင်ပါတယ်။
အသက်အရွယ်ရလာတာနဲ့အမျှ ဘာ့ကြောင့် ကြွက်သားသန်မာမှုတွေ လျော့ကျသွားရတာလဲ
“အသက် ၄၀ ဝန်းကျင်မှာ ကြွက်သားတွေ အိုမင်းရင့်ရော်လာပြီး ကြွက်သားများ အားနည်းလာပါတော့တယ်။ ဒီလို ကြွက်သားသန်မာမှုလျော့ကျလာရခြင်းကတော့ လေ့ကျင့်ခန်းမပြုလုပ်ခြင်း၊ အထိုင်များခြင်း စတဲ့ လှုပ်ရှားမှုမရှိတဲ့ လူနေမှုဘဝကြောင့်ဖြစ်ရတာ” လို့ ချီကာဂိုမြို့ က Beast လေ့ကျင့်ရေးသင်တန်းကျောင်းမှ ကာယနည်းပြဆရာတစ်ဦးဖြစ်တဲ့ Pete Rufo က ပြောကြားခဲ့ပါတယ်။
အသက်အရွယ်ကြီးရင့်လာတဲ့အခါ ဘာကိုမှ ပြုလုပ်ခြင်းမရှိတော့ရင် ကြွက်သားတွေရဲ့ သန်မာမှုအခန်းကဏ္ဍကလည်း လျော့ကျလာတာပေါ့။ တစ်နေကုန် အထိုင်များခြင်းနဲ့ စွမ်းအင်အသုံးပြုမှု မရှိတော့ခြင်းက ကိုယ်အင်္ဂါချည့်နဲ့လာစေဖို့ အခွင့်အလမ်းပိုများပါတယ်။
အသက် ၅၀ ကျော်ပြီးနောက်မှာတော့ ကြွက်သားသန်မာမှုကို ပြန်လည်ရရှိနိုင်ပါ့မလား
အသက် ၅၀ ကျော်နေပေမယ့်လည်း အရိုးသိပ်သည်းဆနဲ့ ကြွက်သားများ ပြန်လည်ကျန်းမာလာဖို့ ပြုလုပ်ပေးနိုင်ပါတယ်။ လူကြီးများက ဆယ်စုနှစ်တစ်ခုစီ အသက်ကြီးလာတိုင်း ကြွက်သား ၁၀ ပေါင်ခန့် ဆုံးရှုံးပါတယ်။ အဆီကယ်လိုရီလောင်ကျွမ်းခြင်းထက်စာရင် ကြွက်သားကယ်လိုရီလောင်ကျွမ်းခြင်းက ပိုများလာပါတယ်။
အသက် ၅၀ ကျော်တဲ့ လူကြီးများက ကြွက်သားဆုံးရှုံးမှုကြောင့် ခန္ဓာကိုယ်မှာ အဆီပိုတွေများလာပြီး ဇီဝဖြစ်စဉ်ကလည်း လျော့ကျလာပါတော့တယ်။ ကြွက်သားများ ဆုံးရှုံးခြင်းကို တားဆီးနိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ လေ့ကျင့်ခန်းများများပြုလုပ်ပေးဖို့ပါပဲ။
ကြွက်သားသန်မာမှုကို ဘယ်လိုပြန်လည်ရယူနိုင်သလဲ
လူငယ်လူရွယ်ပိုင်း၊ သက်လတ်ပိုင်းနဲ့ သက်ကြီးရွယ်အို အရွယ်သုံးပါးစလုံးမှာ ကြွက်သားပြန်လည်သန်မာမှုနှုန်းက အတူတူပါပဲ။ လေ့လာတွေ့ရှိချက်အရ သက်လတ်ပိုင်းနဲ့ သက်ကြီးရွယ်အိုများက တစ်ပတ်ကိုနှစ်ကြိမ်ခန့် မိနစ်လေးဆယ်စာ လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းက ကြွက်သားများ ပြန်လည်ကျန်းမာလာအောင် ကူညီပေးနိုင်ပါတယ်။
ဒါ့အပြင် ကာယလေ့ကျင့်ခန်းများက အရိုးများအိုမင်းရင့်ရော်ခြင်းနဲ့ အရိုးပွရောဂါမခံစားရအောင်လည်း ကာကွယ်ပေးပါတယ်။ ကြွက်သားများ ဆုံးရှုံးခြင်းကြောင့် ခန္ဓာကိုယ်ချည့်နဲ့လာပါတယ်။ အာဟာရဓာတ် ဆုံးရှုံးခြင်း၊ လမ်းလျှောက်တဲ့အခါ ဟန်ချက်မညီတော့ခြင်းနဲ့ အမြင်အာရုံ အားနည်းလာခြင်းတို့က ခန္ဓာကိုယ်ချည့်နဲ့လာခြင်းရဲ့ လက္ခဏာတွေပါပဲ။
ဒါ့ကြောင့် ကျန်းမာရေးကောင်းမွန်အောင်၊ အရိုးသိပ်သည်းဆကို မြင့်မားလာစေဖို့နဲ့ ကြွက်သားသန်မာမှု အလဟဿမဆုံးရှုံးရလေအောင် လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပေးသင့်ပါတယ်။
ကြွက်သားဆုံးရှုံးမှုမှ ကာကွယ်ဖို့ ဘာတွေကိုစားသုံးသင့်သလဲ
လုံလောက်တဲ့ အာဟာရဓာတ်ရရှိဖို့ လိုအပ်ပါတယ်။ ပရိုတိန်းဓာတ်၊ အာဟာရဓာတ်ကြွယ်ဝသော အစားအစာများ၊ ကယ်လစီယမ်နဲ့ ဗီတာမင် ဒီ ဓာတ်တို့ ရရှိပါစေ။ ကြွက်သားများ ကျန်းမာဖို့အတွက် ပရိုတိန်းဓာတ်က မရှိမဖြစ်ပါပဲ။ သက်ကြီးရွယ်အိုအများစုက အသက်ကြီးလာလေ အစားနည်းလာလေပါပဲ။ ဒါက နေ့စဉ်အာဟာရဓာတ် ရရှိမှုကို အဟန့်အတားဖြစ်စေပါတယ်။
ဥအမျိုးမျိုး၊ အသား ငါး၊ နို့နှင့် နို့ထွက်ပစ္စည်းများက ကြွက်သားတည်ဆောက်ရာမှာ အရေးပါတဲ့ ပရိုတိန်းဓာတ်တွေပဲဖြစ်ပါတယ်။ “ ကြွက်သားသန်မာမှု အားနည်းလာခြင်းက မသန်မစွမ်းဖြစ်ခြင်းရဲ့ လက္ခဏာတစ်ရပ်ဖြစ်တာကြောင့် လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်သင့်ပါတယ်။ သန့်စင်ခန်းဝင်တဲ့အခါ အထိုင်အထပြုလုပ်ခြင်း၊ လှေကားပေါ်မှ အတက်အဆင်းပြုလုပ်ခြင်းကလည်း အင်အားလိုအပ်ပါတယ်။
လှုပ်ရှားမှုက ဆေးစွမ်းကောင်းတစ်လက်ဖြစ်တာကြောင့် လှုပ်လှုပ်ရှားရှားနေပါ” လို့ ကိုယ်ကာယကျွမ်းကျင်ပညာရှင် Michael Lau က ပြောကြားခဲ့ပါတယ်။
ဘယ်လိုဖြည့်စွက်စာက ကြွက်သားသန်မာဖို့အတွက် ကူညီပေးသလဲ
HMB လို့ခေါ်တဲ့ Beta-hydroxy-beta-methylbutyrate က ပရိုတိန်းဖြည့်စွက်စာများထဲမှာ ပါဝင်ပါတယ်။ သင့်ရဲ့ အိုမင်းရင့်ရော်လာတဲ့ ကြွက်သားများအတွက် ဘယ်ဖြည့်စွက်စာဟာ အကောင်းဆုံးဆိုတာ ကို စဉ်းစားနေပြီဆိုရင် သင့်အတွေးထဲမှာ အသစ်ဖြစ်ပြီး တိုးမြှင့်ထုတ်လုပ်လိုက်တဲ့ Ensure Gold က အခြားအစားအစာများကြားထဲမှာ အဖြေတစ်ခုဖြစ်နေမှာပါပဲ။ Ensure Gold မှာ ခန္ဓာကိုယ်သန်မာဖို့အတွက် ပရိုတိန်းဓာတ်နဲ့ HMB တို့ ကြွယ်ဝစွာ ပါဝင်တဲ့အပြင် ခုခံအားစနစ်ကို အထောက်အပံ့ပေးတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် ၂၈ မျိုးတို့လည်း ပါဝင်ပါတယ်။
ဒါ့အပြင် စွမ်းအင်ပြည့်ဝဖို့အတွက် ကာဗိုဟိုက်ဒြိုက်ဓာတ်၊ အရိုးကျန်းမာရေးအတွက် ကယ်လစီယမ်နဲ့ ဗီတာမင် ဒီ၊ အစာချေစနစ်ကို ကူညီပေးမယ့် Prebiotics တို့ပါဝင်အောင် ထုတ်လုပ်ထားပါတယ်။ နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်စေတဲ့ အသီးအရွက်မှရတဲ့ Omega-3 ဓာတ်လည်း ပါဝင်ပါတယ်။ အခုလို ကျန်းမာရေးအတွက် အထူးကောင်းမွန်စေတဲ့အတွက်ကြောင့် လူကြီးများအနေနဲ့ တစ်နေ့တာလုံး စွမ်းအင်အပြည့်နဲ့ အားရှိနေဖို့အတွက် Ensure Gold ကို နေ့စဉ်မှီဝဲလိုက်ပါ။











