ကျွန်ုပ်တို့လို လူသားတွေဟာ တွေ့သမျှရေကို သောက်သုံးရေအဖြစ် အသုံးပြုလို့မရသလို သုံးလို့လည်းမဖြစ်ပါဘူး။ ရေမှာပျော်ဝင်နေတဲ့ဓာတ်တွေဟာ အလွန်ကိုများပြားလှတာကြောင့် လူ့ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဓာတ်တွေကို ဖယ်ရှားသန့်စင်ထားပြီးသားဖြစ်သည့် Purify Water ကိုပဲ သောက်သုံးသင့်ပါတယ်။
ဒီကြောင်းအရာနဲ့ ပတ်သတ်ပြီး ဗဟုသုတအနေနဲ့ သိထားပြီးသားလူများရှိသလို ဘာလို့မသောက်သုံးသင့်လဲဆိုတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး သေချာသိနားမလည်သေးတဲ့ သူများအတွက် သိရှိနိုင်အောင် ဝေမျှပေးလိုက်ပါတယ်။
မသန့်ရှင်းတဲ့ရေဆိုတာ ဘယ်လိုမျိုးလဲ
သဘာဝရေတိုင်းဟာ မသန့်ရှင်းပါဘူး။ မတူညီတဲ့ အနံ့အရသာတွေ ပေါင်းစပ်ပါဝင်နိုင်သလို မမြင်နိုင်တဲ့ ပိုးမွှားတွေ၊ ဓာတုဓာတ်တွေလည်းပါဝင်နိုင်လို့ မသန့်တဲ့ရေကို သောက်မိတဲ့အခါ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆိုးကျိုးတွေရရှိလာနိုင်ပါတယ်။
ဘယ်လိုအကြောင်းအရာတွေက ညစ်ညမ်းစေတာလဲ။
ညစ်ညမ်းမှုကို ဖြစ်ပေါ်စေရတဲ့ အဓိကအကြောင်းအရင်းဟာ နှစ်မျိုးရှိပါတယ်။ လူကလုပ်လို့ညစ်ညမ်းသွားတဲ့ရေ အရင်းအမြစ်တွေရှိသလို သဘာဝအလျှောက်မသောက်သုံးသင့်တဲ့ ရေအမျိုးအစားတွေလည်းရှိပါတယ်။
သန့်ရှင်းတဲ့ရေကို ဘာလို့သောက်သင့်သလဲ
မသန့်ရှင်းတဲ့ ရေတွေသောက်မိရင် ထိုရေကရနိုင်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါမှအစ တခြားသော မမြင်နိုင်တဲ့ပိုးမွှားတွေကနေ ပါလာတတ်တဲ့ ကူးစက်ရောဂါတွေအပြင် လူကိုဒုက္ခပေးနိုင်တဲ့ ဓာတုဓာတ်တွေလည်းရှိတာကြောင့် သောက်သုံးရေနဲ့ပတ်သက်ပြီး မပေါ့ဆသင့်ပါဘူး။
ရေသန့်ရှင်းအောင် ဘယ်လိုထားသင့်သလဲဆိုတဲ့ ပညာပေးအချက်များ
ရေသန့်စင်ခြင်းနည်းလမ်းကို ‘Chlorination’ လို့ခေါ်ပါတယ်။ ဒီနည်းလမ်းကတော့ အလွယ်ကူဆုံးလို့ပြောလို့ရပါတယ်။ Chlorine ဓာတ်ဟာ ပိုးမွှား ၉၉ ရာခိုင်နှုန်းကို သေစေနိုင်လို့ မသန့်ရှင်းတဲ့ရေအထဲကို ခပ်ပေးခြင်းအားဖြင့် သန့်စင်နိုင်ပါတယ်။
Wave Plus သောက်ရေသန့်အကြောင်း
ယနေ့အချိန်မှာ အသစ်ထွက်ရှိထားတဲ့ Wave Plus သောက်ရေသန့်အမှတ်တံဆိပ်ဟာဆိုရင် ထွက်ရှိတာမကြာသေးပေမယ့်လည်း အချိန်တိုအတွင်းမှာ ပရိတ်သတ်များရဲ့ အားပေးမှုကို အထူးရရှိနေပါတယ်။ Cleaning System တွင် Fully Automatic Filling Water Plant စနစ်ကို အသုံးပြုထားသည့်အတွက် ပြင်ပဘက်တီးရီးယား ပိုးမွှားများဝင်ရောက်မှုမှ ကင်းစင်စေသော Wave Plus သောက်ရေသန့်ဖြစ်ပါတယ်။
အရည်အသွေးမှာ အထူးကောင်းမွန်ပြီး ကြည်လင်သန့်စင်တဲ့ သောက်ရေသန့်တွေကို ရေဘူးဒီဇိုင်းပုံစံအမျိုးမျိုးနဲ့ သင့်တင်မျှတတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချပေးလျက်ရှိနေပါတယ်။
မြို့နယ်တိုင်းရှိ ဝယ်ယူအားပေးကြမယ့် မိတ်ဟောင်းမိတ်သစ်များအနေနဲ့ ပြန်လည်ဖြန့်ချီရောင်းချလိုသည့်အခါဖြစ်စေ၊ လက္ကားမှာယူလိုတယ်ဖြစ်စေ အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
Sales Hot Line: 09-782525888, 01-551833, 01-544867
Business Sales Hot Line: 09-784242777, 09-954242777









